words per minute
7
MEME5
00:00
Speed
တိုင်းရင်းသားများ များပြားလှ၍ ရိုးရာဝတ်စုံဝတ်ဆင်မှုပုံစံများကွဲပြားသော်လည်း ဗမာယဉ်ကျေးမှုလွှမ်းမိုးသည့်အလျောက် ပုံမှန်လူထုကြားဝတ်စားဆင်ယဉ်ရာတွင် ဗမာတို့၏ရိုးရာဝတ်စုံအားဝတ်ဆင်ကြသည်သာများသည်။မျက်မောက် အာရှဝတ်စားဆင်ယဉ်မှုပိုင်းတွင် မြန်မာနိုင်ငံ၏ မိမိရိုးရာဝတ်စုံအားနေ့စဉ်သာမက နိုင်ငံတော်အဆင့်အခမ်းအနားများ၌ဝတ်ဆင်ကြခြင်းနှင့် နိုင်ငံ့ခေါင်းဆောင်များ၏ ပြည်ပခရီးစဉ်များတွင်လည်းဝတ်ဆင်ကြခြင်းမှာလည်းထူးခြားမှုဖြစ်သည်။ ဗမာတို့၏ခေတ်အဆက်ဆက် ဝတ်စားဆင်ယဉ်ပုံမှာကွဲပြားလှသော်လည်း ယနေ့ခေတ်ဝတ်စားဆင်ယဉ်သည့်ပုံမှာ ကုန်းဘောင်ခေတ် ဆင်ယဉ်ပုံအားခေတ်နှင့်လျော်ညီအောင်ပြုပြင်ဝတ်ဆင်ကြခြင်းဖြစ်သည်။